ထိုဟာလေးလိုချင်ရင်လာခဲ့ပါ

Template ဒေါင်းယူပြီး xml ဖိုင်ရယူနည်း & Template ချိန်းနည်းအပြည့်အစုံ

| |
 မင်္ဂလာပါ ဘလော့ခရီးသည်ကိုလာရောက်အားပေးကြသော မိတ်ဆွေအပေါင်းတို့ ဗျားး
ခုတင်မှာလေးကတော့ C-Box ကတောင်းဆိုမှုလေးဖြစ်သလို ဘလော့သမားတွေအတွက် မသိမဖြစ်
သိထားရမည့် အကြောင်းရာလေးဆိုလည်း မမှားပါဘူးး  ဘလော့တွေမှာ မိမိတို့ စိတ်ကြိုက်
template တွေ ဒီဇိုင်းလှလှလေးတွေ နဲ့ပြုပြင်ဖန်တီးဖို့ဆိုတာ သည်နည်းလမ်းလေးကို သိကိုထားမှ
ဖြစ်မှာမို့ပါ...ဒါကြောင့် တောင်းဆိုမှု အရရော..သိသင့်တယ်ထင်တာမို့ စေတနာနဲ့ရော သည်နည်းလေးကို  ထရေးဖြစ်တာပါ.... Template တွေကို ဒေါင်းယူပြီး မိမိဘလော့ထဲမှာ စိတ်တိုင်း
ကျ သွင်းယူတဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်.... အသေးစိတ် ပုံလေးတွေနဲ့ တစ်ကွ ဒေါင်းယူနည်း
ဒေါင်းထားသော တက်ပလက်ဖိုင်ကနေ xml ဖိုင်လေးယူနည်း ရှင်းပြထားပါတယ်... ဒေါင်းယုံနဲ့ မရပါ
xml ဖိုင်လေးကိုသာ မိမိတို့ ဘလော့ထဲကို Upload ထည့်မှသာလျှင် လိုခြင်သော တက်ပလက် ဒီဇိုင်းတွေကို ရရှိမြှ ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးး ကဲစမယ်  လေကရှည်နေပြီ...ေိေိ....

 တောင်းဆိုသူမိတ်ဆွေပါ......
 လင်္ကာ: တက်ပလက် အသစ်တွေကို ဒေါင်းယူနည်းနဲ့ xml ယူနည်းလေးရေးပေးပါလားဗျာ
mung321: အစ်ကိုရယ် blog template ပြောင်းနည်းအသစ်တင်ပေးပါလား...ကျေးဇူး၍ပါ

ပထမဆုံးအနေနဲ့  တက်ပလက် ဒေါင်းလို့ ရတဲ့ ဆိုဒ်လိပ်စာလေးပေးပါ့မယ်.....

               + တက်ပလက်များကို     သည်မှာ     ရှာဖွေဒေါင်းယူပါ  ။

               + နောက်ထပ်လိုအပ်က     သည်မှာ    ဆက်လက်ရှာဖွေနိုင်ပါတယ်  ။

 သည်ဆိုဒ်နှစ်ခုဆိုရင်ဘဲ  လုံလောက်ပါပြီနော်  အများကြီးးးးကိုရနိုင်လို့ပါ....
ကဲ တက်ပလက်တစ်ခုကို ဒေါင်းရင်းနဲ့  ဥပမာ ပြုတင်ပြလိုက်ပါ့မယ်...

အဆင့်   (၁)  အနေနဲ့.......တက်ပလက်ဆိုဒ်ထဲဝင်လိုက်ပါပြီ




မိမိတို့ စိတ်ကြိုက် စာမျက်နှာအလိုက် ရွေးချယ်နိုင်ပါတယ်... ရွေးချယ်စရာတွေအများကြီးးပါနော်
စာတွေ ကြည့်ပြီး လိုအပ်သလို ရွေးနိုင်ပါတယ်... တက်ပလက်တိုင်းမှာ နာမည်လေးတွေရှိပါတယ်...
သေခြာ ကြည့်လိုက အမည်ကိုကလစ်နိုင်ပါတယ်... ပုံကြီးမူရင်းကို မြင်လိုက Demo ဆိုတာကို ကလစ်ကြည့်လိုက်ပါ....ဒေါင်းလိုက Download ပေါ့...ခုတော့တစ်ခု ရွေးလိုက်ပြီပေါ့..အောက်မှာ

အဆင့်   (၂)  အနေနဲ့ ဆက်ကြည့်လိုက်ပါ...........


မိမိရွေးထားသော တက်ပလက်လေးပေါ့... Preview ကိုကလစ်ပါက ဆိုဒ်ကြီးမြင်ရမယ်...
ကဲ  Download ကြစို့ ကြာနေမယ်..နော်..ဒေါင်းလိုက်ပါပြီဗျာ.. ခဏလေးဘဲ စောင့်ပါ....စက္ကန့်ပိုင်းမျှသာ ကြာမှာပါ....

အဆင့်  (၃)   အနေနဲ့ ဒေါင်းထားတဲ့ ဟာလေးပြီးသွားတဲ့အခါမှာပေါ့...............


Open floder  ကိုကလစ်ဖွင့်လိုက်ပါ... မဟုတ်လည်း မိမိစက်ထဲ ဒေါင်းလော့ဝင်တဲ့ ဖိုင်ထဲသွားလိုက်ပေါ့.....သည်လိုလေးတွေ့မယ်...အောက်မှာ....

အဆင့်  (၄)   ကတော့ ဒေါင်းထားတဲ့ တက်ပလက် ဖွင့်လိုက်ပါ.....


တွေ့ပြီနော်  ကျွန်တော် ဥပမာပြထားတဲ့ တက်ပလက်လေးက အမည်က music plus ဆိုတဲ့ဟာပါ။
အဲတာလေး မိမိတို့ ထဲတွေ့တာနဲ့  ညာကလစ်ပေးပါ  Extract to musicplus/ ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...( မှတ်ချက် ။   ။ musicplus နေရာမှာ မိမိတို့ဒေါင်းသော template အမည်ပါ)
ကလစ်ပြီးတာနဲ့  Floder အ၀ါလေးကျလာမှာဖြစ်ပါတယ်.....အောက်မှာကြည့်ပါ

Music Plus ဆိုတဲ့အမည်နဲ့ Floder အ၀ါလေးပါ...အဲတာလေးကို ဖွင့်လိုက်ပါ... တစ်ခါဖွင့်ယုံနဲ့ xml ဖိုင်လေး မတွေ့သေးပါက တွေ့သည့်တိုင် ဖိုင်လေးတွေကို ဆက်ဖွင့်ပေးလိုက်ပါ...တွေ့ပြီဆိုတာနဲ့..

အဆင့်  (၅)   xml ဖိုင်လေးကို တွေ့ပြီဆိုတာနဲ့.....အောက်မှာ...xml ဖိုင်

ကဲဂျာ....ရပါပြီ  xml ဆိုတဲ့ ဖိုင်လေး...သူဘဲ အဓိကကျတာလေ...သူကဘဲ မိမိတို့ဘလော့ကို
ပြောင်းလဲစေနိုင်တာပါဗျာ...ဒါလေးရဖို့အရေးးးးးးးဟူးးးးးးးးးးးးးးးမောလိုက်ထာ..ေိေိ
အဲတာလေးတော့ သေသေခြာခြာ မီးလုံသေတ္တာလေးနဲ့ သိမ်းကျနော်....ဟိဟိ
**********************************************************************
 
 ဒါကတော့ ဘလော့ တက်ပလက် ချိန်းနည်းလေးပါ..အရင်ကလည်း တင်ပေးခဲ့ဘူးပါတယ်.. ခုဘလော့တွေမှာ ဘလော့ကာ စတိုင်က ပြောင်းလဲနေတော့ မျက်စိလည်ကုန်ကြတာပါ..အရင် စတိုင်အဟောင်းနဲ့ တုန်းကသုံးရတာ အရမ်းလွယ်ကူပြီး ရှင်းနေတာဘဲလေ  ခု ဒါနဲ့ကျတော့ တမျိုးဖြစ်နေကြပါတယ်... ဒါလေးကလဲ မသိသူရှားပါတယ်.. ဒါပေမယ့် တောင်းဆိုထားတဲ့သူအတွက်
 ကဲစမယ်နော်...
အဆင့် (၁)...... အနေနဲ့ ဘေလာ့ကာ ၀င်လိုက်ပါနော်...

ဘလော့ကာ မှတဆင့် Template ဆိုတာကို ကလစ်ဝင်လိုက်ပါ...

အဆင့် (၂) ........အနေနဲ့ကတော့ အောက်ကပုံကို ကြည့်ပါ။



 အပေါ်မှာ ပြထားတဲ့ Backup/ Restore ဆိုတာလေးကို ကလစ်ပေးလိုက်ပါ။
အဆင့်  (၃).........ကတော့ အောက်မှာဆက်ကြည့်ပါနော်...


သည်နေရာမှာ Download full Template ဆိုတာလေးက မိမိတို့ အဟောင်းကိုပြန်လည် ဒေါင်းယူထားဖို့ဖြစ်ပါတယ်...ကလ်စပြီးဒေါင်းလိုက်တာနဲ့ xml ဖိုင်လေးတစ်ခု ရမှာပါ..သိမ်းထားလိုက်ပေါ့...လိုအပ်ရင် အဟောင်းကိုပြန်သုံးနိုင်ပါတယ်။
Browse  ဆိုတာကိုကလစ်တာနဲ့  မိမိတို့ ပြောင်းလဲ အစားထိုးလိုတဲ့ တက်ကလက် အသစ်ရဲ့ xml ဖိုင်ဆီကိုအရောက်သွားပြီး ရွေးပေးလိုက်ပါ...ပြီးတာနဲ့ အသစ်ဖိုင်လေးကို ထည့်ပေးလိုကပေါ့။
နောက်ဆုံးအနေနဲ့  Upload ဆိုတာကလစ်လိုက်ပါ...ခဏကြာတာနဲ့ မိမိတို့ဘလော့ရဲ့ တက်ပလက် ဒီဇိုင်းဟာ အသစ်တိုင်း ပြောင်းလဲနေပါပြီ....
မိတ်ဆွေ တို့ မရှင်းတာရှိခဲ့ပါက... cbox မှာအော်ခဲ့နိုင်ပါတယ်..  သတိပေးခြင်တာ တစ်ခုကတော့
ခုလက်ရှိ  ဘလောတွေ့ ၀င်ပြင်တဲ့အခါ  HTML  ကပုံသဏ္ဍန်ပြောင်းလည်းနေမှုကြောင့်
အခက်ခဲတွေ တွေ့နိုင်ပါတယ်.. အဲအတွက်.. လေ့လာခြင်တယ်ဆိုရင်တော့
သည်မှာ   ကလစ်ပြီးလေ့လာနိုင်ပါတယ်...
 လေးစားစွာဖြင့်

0 comments:

Post a Comment